ကျုံ​ပျော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ရေး ငါးရိက္ခာများစားသုံးပေး အသိပညာ​ပေး ပိုစတာများ စိုက်ထူ

ကျုံ​ပျော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ရေး ငါးရိက္ခာများစားသုံးပေး အသိပညာ​ပေး ပိုစတာများ စိုက်ထူ

ကျုံ​ပျော်   ဇွန် ၂၃

ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်​ရေးကာလတွင် ငါးစားသုံးခြင်းသည် ကျန်းမာ​ရေးအတွက် အကျိုးရှိ​ကြောင်း ပြည်သူများသိရှိ​စေရန်အတွက် "ကိုဗစ်-၁၉ ကာကွယ်​ရေး ငါးရိက္ခာများ စားသုံး​ပေး" အသိ​ပေးပိုစတာ စိုက်ထူခြင်းကို ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၌ ယ​နေ့​ နံနက်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်ကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ အများပြည်သူ​ တွေ့မြင်နိုင်​စေရန် ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် စု​ပေါင်းစိုက်ထူခဲ့ကြပြီး၊ မြို့မ​စျေးနှင့် လူစည်ကားရာ​နေရာများတွင် လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့ကြသည်။

အသိ​ပေးပိုစတာတွင် ငါးရိက္ခာသည် ငတ်မွတ်မှုနှင့် အာဟာရဓာတ်ချို့တဲ့မှု တိုက်ဖျက်​ရေးအတွက် အ​ရေးကြီး​သောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ငါးအာဟာရဓာတ်သည် စားသုံးသူ ပြည်သူများအတွက် အာဟာရဓာတ်အပြင် ကျန်းမာ​စေ​သော အဆီဓာတ်၊ အိုမီဂါ - ၃ အဆီအက်စစ်၊ အိုင်အိုဒင်း၊ ဗစ်တာမင်ဒီနှင့် ကယ်လ်စီယမ်များကိုလည်း ဖြည့်တင်း​ပေးနိုင်​ကြောင်း၊ အထူးသဖြင့် ကိုဗစ် - ၁၉ ကပ်​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးကာလတွင် ပြည်သူတို့သည် မိမိတို့အိမ်အတွင်း ​နေထိုင်ကြရသဖြင့် စားသုံး​သောအစားအစာများမှ အာဟာရဓာတ်မျှတစွာရရှိ​ရေး ဂရုပြုစား​သောက်ကြရမည်ဖြစ်ပြီး၊ ငါးစားသုံး​ပေးခြင်းဖြင့်လည်း ငါးတွင်ပါဝင်​သောဗစ်တာမင်- ဒီ မှ ​ရောဂါပိုးများ ခုခံကာကွယ်​ရေးနှင့် ကိုယ်ခံအားအတွက် အ​ထောက်အပံ့​ဖြစ်​စေ​ကြောင်း၊ ငါးငယ်​လေးများတွင်ပါဝင်​သော အာဟာရဓာတ်များသည် အစားထိုးမရနိုင်​သော အာဟာရတန်ဖိုးများဖြစ်​ကြောင်း၊ ငါးသည်​ဈေးနှုန်းသင့်တင့်စွာဖြင့် အများပြည်သူ ဝယ်ယူစားသုံးနိုင်သည့် အာဟာရဓာတ်တစ်မျိုးဖြစ်​ကြောင်းနှင့် ငါးစားသုံးခြင်း ဖြင့် ရရှိ​သောအကျိုး​ကျေးဇူးများအပြင် ငါးပုဇွန်နှင့် ပင်လယ်စာများတွင် အဓိကပါဝင်​သော အာဟာရဓာတ်များကို ​ဖော်ပြ​ပေးထားကြောင်း သိရသည်။

​နေဝင်းမြင့် (ပြန်/ဆက်)

Post a Comment

0 Comments