ကျုံပျော်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ

ကျုံပျော်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ


ဒေသသမိုင်းအကျဉ်း
================
၁။ ကျုံပျော်မြို့သည် ရှေးယခင်နှစ်ပေါင်း(၆၀၀)ကျော်ကတည်းက တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ် သည်။ ကျုံပျော်ဟု အမည်တွင်ရခြင်းမှာ မွန်ဘာသာအရ ကြုင်ပိ(ကြုင်=ချောင်း၊ပိ=သုံး)ချောင်းသုံးခွရှိ ၍ ကြုင်ပိကို မွန်သံထွက်ရာ မြန်မာတို့ကို ကျုံပျော်ဟူ၍လည်းကောင်း၊ မွန်ဘုရင်နှင့် ဥမ္မာဒန္တီ စခန်းချ စဉ်က ကျုံးများစွာတူးခဲ့သဖြင့် ကျုံးပေါမှ ကျုံပျော်ဟူ၍လည်းကောင်း၊ ပါဠိနှင့် သက္ကတအပျက်အရ ကြုင်တရော်(ကြုင်=ချောင်း၊တရော်=သုံး)မှ ကျုံပျော်ဟူ၍လည်းကောင်း ပြောဆိုရေးသားကြပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀.၈.၁၉၇၂)ပါစာအမှတ်၊ ၁၀၃/၁၈/၁၈/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ကျုံပျော်မြို့ကို ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃၀.၁၂.၇၂)ရက်စွဲပါစာအမှတ်၊၃/၃၀/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် (၆.၉.၇၃) ရက်စွဲပါစာအမှတ်၊ ၃/၃၀/အထ(၂)ဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ (ပြင်ဆင်ချက်)တို့ဖြင့် ကျေးရွာအုပ်စုများ ဖွဲ့စည်းခဲ့ပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
=======================
၂။ ကျုံပျော်မြို့နယ်သည် မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ရှိ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်တွင် တည်ရှိပါသည်။ ကျုံပျော်မြို့နယ်သည် မြောက်လတ္တီတွဒ်၁၇ဒီဂရီ ၁၈မီးနစ်နှင့် ၁၇ဒီဂရီ ၃၀မီးနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၈မီးနစ်မှ ၉၅ဒီဂရီ၂၆မီးနစ် အကြားတွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁၅.၅၉၈)မိုင်နှင့် တောင်မှမြောက်သို့(၂၀.၅၀)မိုင် ရှည်လျားပါသည်။ ကျုံပျော် မြို့နယ်၏ မြို့ဧရိယာမှာ (၁.၆၉)စတုရန်းမိုင်၊ ကျေးရွာအုပ်စု ဧရိယာမှာ စတုရန်းမိုင် (၃၁၈.၀၇)၊ အထောင်မြို့၏ ဧရိယာမှာ (၂.၇၈)စတုရန်းမိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင်မှာ (၃၁၉.၇၆)ဖြစ်ပါသည်။

နယ်နမိတ်
========
၃။ ကျုံပျော်မြို့နယ်၏ အရှေ့ဘက်တွင် ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်၊ တောင်ဘက်တွင် ကျောင်းကုန်းမြို့နယ်နှင့် ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် ရေကြည်မြို့နယ်၊ မြောက်ဘက် တွင် လေးမျက်နှာမြို့နယ်၊ ဟင်္သာတမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
===============
၄။ ကျုံပျော်မြို့နယ်သည် ညီညာပြန့်ပြူးသော မြေပြင်ရပ်ဝန်းဖြစ်ပြီး သဲနုန်းဆန်သော မြေမျက် နှာ သွင်ပြင်မျိုးဖြစ်ပါသည်။

ရေဆင်း
======
၅။ ကျုံပျော်မြို့နယ်သည် ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် ချောင်းမှာ ဒါးကချောင်းဖြစ်ပါသည်။ ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ဒါးကချောင်းသည် သင်္ဘော/စက်လှေများလည်း သွားလာနိုင်သော ချောင်းဖြစ်ပါ သည်။

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်
==============================
၆။ ကျုံပျော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၁၈)ပေတွင် တည်ရှိပါသည်။

ရာသီဉတု
========
၇။ ကျုံပျော်မြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန်(၃၉C) နှင့် အနိမ့် ဆုံးအပူချိန်မှာ (၁၈C)ဖြစ်ပါသည်။

သဘာဝပေါက်ပင်များ
=================
၈။ ကျုံပျော်မြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုလ်၊ သရက်၊ ပိန္နဲ၊ ညောင်ပင်၊ လက်ပံ၊ အုန်း၊ မန်ကျီး၊ဇီး၊ထန်း၊ဝါး၊ခြုံပင်နှင့်နွယ်ပင် စသောအပင်များ ဖြစ်ပါသည်။

တောရိုင်းတိရစာ္ဆန်များ
==================
၉။ ကျုံပျော်မြို့နယ်အတွင်းရှိ တောရိုင်းတိရစာ္ဆန်များမှာ တောကြောင်၊ ယုန်၊ ရှဉ့်၊ စစ္စလီ၊ ရေဘဲ၊ တင်ကျီးငှက်၊ ဗျိုင်း၊ ဘုတ်၊ ရေကြက် စသည်တို့ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင် လက်ရှိအခြေအနေ
============================
၁၀။ ကျုံပျော်မြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောကြီးများ မရှိဘဲ လူတို့စိုက်ပျိုးသော သစ်ပင်များသာ ရှိပြီး အပင်ကြီးများ ပေါများစွာ ပေါက်ရောက်လျက်ရှိပြီး ဒါးက ချောင်းသည် ယခင်က ရေယာဉ်ကြီးများ ကောင်းမွန်စွာ ဝင်ထွက်သွားလာနိုင်သော်လည်း ယခုအခါ ရေယာဉ်လေးများသာ သွားလာနိုင်သော အခြေအနေဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ
======================================
၁၁။ ကျုံပျော်မြို့နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကြိုးဝိုင်း တောများ မရှိပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တစ်အိမ်ထောင် ကျွန်း(၃)ပင်စိုက် ခင်းများ ၊ မြေလွတ်များနှင့် လမ်းဘေးဝဲယာတွင် အရိပ်ရယူကလစ်၊ ပိတောက်၊ ပျဉ်းကတိုးပင်များ အပြင် ပန်းအလှပင်များကိုလည်း စိုက်ပျိုးထားရှိပါသည်။

သဘာဝ ဘေးအန္တရာယ်ကျရောက်မှု
============================
၁၂။ ကျုံပျော်မြို့နယ်သည် ပင်လယ်နှင့်ဝေးပြီး ကုန်းတွင်းဆန်သောကြောင့် သဘာဝဘေး အန္တရာယ်အနေနှင့် မုန်တိုင်းအန္တရာယ်ကျရောက်မှုနှင့် ဆူနာမီဘေး ကျရောက်မှု မရှိဘဲ မိုးကြီးပြီး ငဝန်မြစ်ရေတက်၍ ဒါးကချောင်းဘေးရှိ စိုက်ခင်းများ၊ အိမ်ခြေများ ပျက်စီးခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပါ။ မီးဘေးအန္တရာယ် ကျရောက်မှု အနေဖြင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခြင်းသာ ဖြစ်ပါသည်။

သစ်တောလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ
===================================
၁၃။ ကျုံပျော်မြို့နယ်အနေဖြင့် သစ်တောလုပ်ငန်းနှင့်ပတ်သက်၍ ထွက်ရှိသော ပစ္စည်းများ မရှိပါ။

စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ
====================
၁၄။ ကျုံပျော်မြို့နယ်တွင် ပုဂ္ဂလိကပိုင် ဓါတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင်များမှာ မက်စ်မြန်မာ၊ မြတ် စက်သုံးဆီ၊ နဝရတ်၊ မြတ်မေတ္တာမွန်တို့ ဖြစ်ပါသည်။ သဘာဝဓါတ်ငွေ့ အရောင်းဆိုင်များ မရှိပါ။

ဆက်သွယ်ရေး
============
၁၅။ ကျုံပျော်မြို့နယ်တွင် နေထိုင်သော လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ဖုန်းအသုံးပြုလျှက်ရှိပါ သည်။ အော်တိုဖုန်း အလုံးရေ(၆၇၆)လုံး ဖြစ်ပါသည်။
ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး
 ကျုံပျော်မြို့နယ်အတွင်း ဇရပ်လှမှ မြက်နီကွင်းအထိ မိုင်အရှည်(၇)မိုင်ဖြစ်ပြီး ဘူတာအသေး တစ်ခု ရှိပါသည်။ ပြေးဆွဲသည့် ရထားလမ်းမှာ ပုသိမ်-ကြံခင်းရထားလမ်း ဖြစ်ပါသည်။
 ရေကြောင်းလမ်းအနေဖြင့် ကျုံပျော်-အင်းရဲ၊ ကျုံပျော်-ကျုံမရမ်း၊ ကျုံပျော်-သဖန်းချောင်း၊ သောင်ကြီး-ကံသုံးဆင့် ပြေးဆွဲသော သင်္ဘောဆိပ်(၄)ခုရှိပါသည်။

ကားဂိတ်များမှာ ကျုံပျော်မြို့နယ်အတွင်း ရန်ကုန်၊ ဓနုဖြူ၊ ပုသိမ်၊ ဟင်္သာတ၊ ပြေးဆွဲသည့်ယာဉ်မှာ ခေတ်မှီ(၈)စီး၊ သူရထွန်း(၈)စီး၊ ရတနာအောင်(၃)စီး၊ ရွှေဒေါင်းမင်း(၃)စီး၊ ချမ်းမြေ့(၂)စီး၊ ဧရာဦး(၂) စီး၊ မြင့်(၁)စီး၊ စိန်နိုင်ကျော်(၁၆)စီး၊ ပြုံးပန်းတစ်ရာ(၁၃)စီး ရှိပါသည်။
 လေကြောင်းလမ်းအနေဖြင့် မရှိပါ။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ
=============================
၁၆။ ကျုံပျော်မြို့နယ်အတွင်း ဆောက်လုပ်ရေးကဏ္ဍများမှ ကားလမ်းများအနေဖြင့် -
- ကျုံပျော်- ရေကြည်(တာကုန်းရွာ) ၃မိုင် ၂ဖာလုံ
- ကျုံပျော်- ကျောင်းကုန်း(စွန်ပါမှအင်းရဲလမ်းဆုံ) ၈မိုင် ၅ဖာလုံ
- ကျုံပျော်- ကျောင်းကုန်း(ဇရပ်စုမှအင်းရဲလမ်းဆုံ) ၁၅မိုင် ၆ဖာလုံ
- ကျုံပျော်- ဓနုဖြူ(အင်းရဲမှကျုံတနီး) ၁၅မိုင် ၄ဖာလုံ
- ကျုံပျော်- ဟင်္သာတ(အင်းရဲမှရှားခဲ) ၁၆မိုင်

မြို့နယ်ချင်းဆက်လမ်းများမှာ-
- ဟင်္သာတ- နိဗ္ဗာန်-သောင်ကြီး-ကျုံပျော်-ရေကြည် ၂၁မိုင် ၁ဖာလုံ
- ဓနုဖြူ-သောင်ကြီး ၁၀မိုင် ၂ဖာလုံ
- လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ၉မိုင် ၄ဖာလုံ
- ကျုံပျော်-အင်းမ-သုံးခွ ၈မိုင် ၅ဖာလုံ
- ကျေးရွာချင်းဆက်လမ်း ၁မိုင် ၇ဖာလုံ
- သောင်ကြီး- ဒိုက်ပျက်လမ်း ၁၄မိုင် ၄ဖာလုံ
တံတားများ-
- ကျုံပျော်-ခဲဘောင်တံတား ၅၀၀ ပေ(၁၉၇၈)ခုနှစ်
- ဒါးကတံတား ၄၈၀ ပေ(၂၀၁၅)ခုနှစ်
- ရှားခဲတံတား ၁၂၀ ပေ(၂၀၁၇/၂၀၁၈)ခုနှစ်

သမဝါယမ အသင်းများ
==================
၁၇။ ကျုံပျော်မြို့နယ်အတွင်းရှိ သမဝါယမအသင်းပေါင်း (၁၈၃)ခုရှိပြီး အသင်းစု (၁)ခုရှိပါသည်။
စျေးနှင့်ဘဏ်များ
မြို့မစျေး မြဝတီရပ်ကွက် (၅၄၆)ခန်း
သောင်းကြီးစျေး သောင်ကြီး (၈၇)ခန်း
ရှားခဲစျေး ရှားခဲ (၈၂)ခန်း
အထောင်စျေး အထောင် (၇၄)ခန်း
မြန်မာ့စီးပွားရေးဘဏ် အစိုးရပိုင် (၁)ခု
ဧရာဝတီဘဏ် ပုဂ္ဂလိကပိုင် (၂)ခု
ကမ္ဘောဇဘဏ် ။ (၁)ခု
CB ဘဏ် ။ (၁)ခု

ကျန်းမာရေး
==========
၁၈။ ကျုံပျော်မြို့နယ်အတွင်းရှိ ဆေးရုံများနှင့် အသင်းအဖွဲ့များ
ဆေးရုံများ
ကျုံပျော်မြို့နယ်ပြည်သူ့ဆေးရုံ တေဇရပ်ကွက် (၅၀)ကုတင်
ရေစခန်းတိုက်နယ်ဆေးရုံ ရေစခန်း (၁၆)ကုတင်
အင်းရဲတိုက်နယ်ဆေးရုံ အင်းရဲ (၁၆)ကုတင်
အထောင်တိုက်နယ်ဆေးရုံ အထောင် (၁၆)ကုတင်
ဒိုက်ပျက်တိုက်နယ်ဆေးရုံ ဒိုက်ပျက် (၁၆)ကုတင်

မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များ
=============================
၁၉။ တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များ
- နာရေးကူညီမှုအသင်း
- မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း
- အမျိုးသမီးရေးရာ အဖွဲ့
- ကြက်ခြေနီ တပ်ဖွဲ့
- အရန်မီးသတ်တပ်ဖွဲ့
- စစ်မှုထမ်းဟောင်းအသင်း

တိုင်းရင်းသားလူမျိုးစုများ
====================
၂၀။ ကျုံပျော်မြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများမှာ-
 ကချင် ၁၄ ဦး
 ကယား ၆ ဦး
 ကရင် ၁၀၅၂၀၄ ဦး
 ချင်း ၂၀ ဦး
 မွန် ၅ ဦး
 ဗမာ ၁၄၆၄၆၁ ဦး
 ရခိုင် ၃၉ ဦး
 ရှမ်း ၄၇ ဦး
 မြို့နယ်ချုပ် ၂၅၁၇၉၆ ဦး

အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ
=========================
၂၁။ ကျုံပျော်မြို့နယ်၏ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်အထိ အိမ်ထောင်စု -
 မြို့နေ အိမ်ထောင်စု ၅၉၃၆
 ကျေးလက်နေ ။ ၅၃၈၀၂
 မြို့နယ်ချုပ် ။ ၅၉၇၃၈
လူဦးရေ
 မြို့နေ ၂၄၉၀၃ ဦး
 ကျေးလက်နေ ၂၂၈၅၃၃ ဦး
 မြို့နယ်ချုပ် ၂၅၃၄၃၆ ဦး
မြို့နယ်ဖွဲ့စည်း အုပ်ချုပ်ပုံအရ
 ကျုံပျော်မြို့နယ်၏ ဖွဲ့စည်းပုံမှာ
- မြို့ ၁ ခု
- ရပ်ကွက် ၄ ခု
- ကျေးရွာအုပ်စု ၈၉ အုပ်စု
- ကျေးရွာ ၅၂၃ ရွာ
မြို့
--
အထောင်မြို့

ရပ်ကွက်များ
-----------
 ၁။ မြဝတီရပ်ကွက်
 ၂။ တေဇရပ်ကွက်
 ၃။ ပင်လုံရပ်ကွက်
 ၄။ အောင်ဆန်းရပ်ကွက်
ကျေးရွာအုပ်စုများ
-----------------
 ၁။ လဟာပိုင်း
 ၂။ ကွင်းသာ
 ၃။ ထိန်တပင်
 ၄။ ထိန်ငူကြီး
 ၅။ ပျဉ်ချဆိပ်
 ၆။ ညောင်ပင်ဆိပ်
 ၇။ အကွေ့တန်း
 ၈။ တောချောင်း
 ၉။ အစုကြီး
 ၁၀။ ငါးကျီးထူ
 ၁၁။ ခရုရိုး
 ၁၂။ ကျိုက်ပါ
 ၁၃။ ဇရစ်ရိုး
 ၁၄။ သောင်ကြီး
 ၁၅။ သောင်ရွာ
 ၁၆။ သံလျှက်စွန်း
 ၁၇။ ပျဉ်းမပင်လှ
 ၁၈။ သာယာကုန်း
 ၁၉။ သစ်မသိ
 ၂၀။ မန်းကြာ
 ၂၁။ သိန်ကုန်း
 ၂၂။ ရှားခဲ
 ၂၃။ အဝိုင်းနင်းကြမ်း
 ၂၄။ မဲဂရက်
 ၂၅။ ဇရပ်ဆိပ်
 ၂၆။ ကြီးအိုင်
 ၂၇။ ကွင်းကြီး
 ၂၈။ တောကြီး
 ၂၉။ ကွင်းဘော
 ၃၀။ အင်းတရော်
 ၃၁။ ကျောင်းစု
 ၃၂။ ကျွဲခြံဒေါင့်
 ၃၃။ ကြက်တညင်
 ၃၄။ ကညင်ဆိုင်
 ၃၅။ သင်တောကြီး
 ၃၆။ ကုန်းမဲဇလီ
 ၃၇။ အင်းရဲ
 ၃၈။ ပျဉ်းကတိုးကုန်း
 ၃၉။ သဲကုန်း
 ၄၀။ အင်းမ
 ၄၁။ သရက်ချို
 ၄၂။ သဖန်းချောင်း
 ၄၃။ ရွှေကညင်ပင်
 ၄၄။ ဝက်ချောင်း
 ၄၅။ ကျွန်းအင်း
 ၄၆။ ကံစု
 ၄၇။ လှည်းဆိပ်
 ၄၈။ တိုက်ရွာ
 ၄၉။ မန်ကျီးကုန်း
 ၅၀။ မိချောင်းအိုင်
 ၅၁။ ကျွဲခေါင်း
 ၅၂။ သဲဖြူအလယ်
 ၅၃။ ရေစခန်း
 ၅၄။ ဇရပ်ကွင်း
 ၅၅။ သရက်သုံးပင်
 ၅၆။ အိုင်ကြီး
 ၅၇။ မန်းစက္ကူ
 ၅၈။ ကွင်းချောက်
 ၅၉။ ကျုံတနီး
 ၆၀။ ဘောဇုတ်
 ၆၁။ ဓနော်
 ၆၂။ ငါးအိုက်ကွင်း
 ၆၃။ မြို့ချောင်း
 ၆၄။ ဇင်ပြွန်းကုန်း
 ၆၅။ မိုးကြိုးပစ်
 ၆၆။ ကျွဲတလင်း
 ၆၇။ အိုင်မ
 ၆၈။ ဂနိမ်း
 ၆၉။ ဆင်ခေါင်း
 ၇၀။ အိက္ကဒွတ်
 ၇၁။ ကွင်းလျား
 ၇၂။ ဒိုက်ပျက်
 ၇၃။ မျက်နီကွင်း
 ၇၄။ သက္ကယ်ပြင်
 ၇၅။ ဖလံကုန်း
 ၇၆။ သရက်ချောင်း
 ၇၇။ ပိုက်တော်
 ၇၈။ ဆောက်ဝိုင်း
 ၇၉။ ဇရပ်လှ
 ၈၀။ သင်တောဂရက်
 ၈၁။ ကျုံမရမ်း
 ၈၂။ ကုန်းသာကြီး
 ၈၃။ ဝဲကြီး
 ၈၄။ ကျူတော
 ၈၅။ အင်းဖျား
 ၈၆။ အင်းပါ
 ၈၇။ ချင်းလျား
 ၈၈။ ကံသုံးဆင့်
 ၈၉။ သပြေလှ

ကိုးကွယ်သည့် ဘာသာ
==================
၂၂။ ကျုံပျော်မြို့နယ်တွင် နေထိုင်ကြသူများ၏ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေမှာ -
 ဗုဒ္ဓဘာသာ ၁၈၁၈၇၇ ဦး
 ခရစ်ယာန် ၇၀၇၅၁ ဦး
 ဟိန်နူ ၁၇၂ ဦး
 အစ္စလာမ် ၆၃၆ ဦး
ဌာနဆိုင်ရာနှင့် ပါတီများ
===================
၂၃။ ကျုံပျော်မြို့နယ်အတွင်း အစိုးရဌာနများမှာ-
 မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
 မြို့နယ်စည်ပင်သာယာရေးကော်မတီ
 မြို့နယ်လ.ဝ.က ဦးစီးဌာန
 စီမံကိန်းရေးဆွဲရေးဦးစီးဌာန
 မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
 ပညာရေးဌာန
 မြို့နယ်စာရင်းရုံး
 မြို့နယ်တရားရုံး
 မြို့နယ်ဉပဒေရုံး
 လမ်းဦးစီးဌာန
 ကျေးလက်လမ်းဦးစီးဌာန
 လယ်စီနှင့်စာရင်းအင်းဌာန
 ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန
 မြန်မာ့အားကစားနှင့်ကာယပညာ ဦးစီးဌာန
 မြန်မာ့စက်မှုလယ်ယာဦးစီးဌာန
 မြန်မာနိုင်ငံရဲတပ်ဖွဲ့
 မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန
 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
 သမဝါယမဦးစီးဌာန
 ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး
 မီးသတ်ဦးစီးဌာန
 ပြည်တွင်းအခွန်ဦးစီးဌာန
 စိုက်ပျိုးရေးဦးစီးဌာန
 စားသုံးသူရေးရာဦးစီးဌာန
 တိုင်းရင်းဆေးကုဌာန
 သစ်တောဦးစီးဌာန
 ကျန်းမာရေးဦးစီးဌာန
 လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
 မြန်မာ့စီးပွားရေးဘဏ်
 ဆည်မြောင်းဦးစီးဌာန
နိုင်ငံရေးပါတီများ
 NLD
 ပြည်ခိုင်ဖြိုး
 NDF
 တစညပါတီ
 ကရင်ပြည်သူ့ပါတီ
 မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ
 ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
 ပြည်သူ့ပါတီ
 ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
 မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ
 ဦးစိုးအောင်နိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဦးဆန်းမြင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
 ဒေါ်သီတာ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်(၁)
 ဦးမန်းဂျော်နီ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မဲဆန္ဒနယ်(၂)
 ဂါ့မိုးမြတ်မြတ်သူ
ကရင်တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်

ပညာရေးကဏ္ဍ
============
၂၄။ ကျုံပျော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၇)ကျောင်း၊ အ.ထ.က-ခွဲ(၈)ကျောင်း၊ အ.လ.က(၂၀)ကျောင်း၊ အ.လ.က-ခွဲ(၈)ကျောင်း၊ မူလတန်းလွန်(၁၅)ကျောင်း၊ မူလတန်း(၁၈၃)ကျောင်း၊ ဘုန်းတော်ကြီး ပညာရေးသင်ကျောင်း(၃)ကျောင်း။

စာကြည့်တိုက်များ
==============
၂၅။ ကျုံပျော်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှာ-
 (၁) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်
 (၂) အလင်းရောင် (နိုင်ငံတော်မတည်) စာကြည့်တိုက်၊ မန်းစက္ကူကျေးရွာ
 (၃) စာပဒေသာ(နိုင်ငံတော်မတည်) စာကြည့်တိုက်၊ ရွာသစ်ကုန်းကျေးရွာ
 (၄) ပြည်သာယာ(နိုင်ငံတော်မတည်) စာကြည့်တိုက်၊ ပျဉ်းမပင်လှကျေးရွာ
 (၅) အလင်းသစ်(နိုင်ငံတော်မတည်) စာကြည့်တိုက်၊ မိုးကြိုးပစ်ကျေးရွာ
 (၆) လမင်းသစ်(ဖောင်ဒေးရှင်း) စာကြည့်တိုက်၊ မှော်သေးအရှေ့စုကျေးရွာ
 (၇) မီးအိမ်ရှင်(ဖောင်ဒေးရှင်း) စာကြည့်တိုက်၊ မြောက်မန်းကြာကျေးရွာ
 (၈) ရတနာပုံ(လွှတ်တော်ရန်ပုံငွေ)စာကြည့်တိုက်၊ သရက်ရိုးကျေးရွာ
 (၉) ရောင်ခြည်ဦး(ကိုယ့်အားကိုယ်ကိုး)စာကြည့်တိုက်၊ မရမ်းရိုးကျေးရွာ
 (၁၀) ခြေလှမ်းသစ်(အလှူရှင်)စာကြည့်တိုက်၊ တောင်မန်းကြာကျေးရွာ
 (၁၂) မြတ်ရွှေနဒီ(အလှူရှင်) စာကြည့်တိုက်၊ ကညင်ဆိုင်ကျေးရွာ
 (၁၃) တက်နေဝန်း(ကိုယ့်အားကိုယ်ကိုး) စာကြည့်တိုက်၊ ရှမ်းစုကျေးရွာ
 (၁၄) သုတဘဏ်(အလှူရှင်) စာကြည့်တိုက်၊ ကျွဲခြံဒေါင့်လေးကျေးရွာ
 (၁၅) မြတ်စေတနာ(နိုင်ငံတော်မတည်) စာကြည့်တိုက်၊ ထိန်တပင်ကျေးရွာ
 (၁၆) မန်းမြစိန်သုတပဒေသာ(ကိုယ့်အားကိုယ်ကိုး)စာကြည့်တိုက်၊ ဘုရားကလေးဆိပ်ရွာ
 (၁၇) မြတ်ပညာ(ဖောင်ဒေးရှင်း) စာကြည့်တိုက်၊ သပြေငူကျေးရွာ
 (၁၈) ဓမ္မာရုံ(ကိုယ့်အားကိုယ်ကိုး) စာကြည့်တိုက်၊ အောင်ဆန်းရပ်ကွက်
 (၁၉) ပညာပါရမီ(ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ)စာကြည့်တိုက်၊ ဇရစ်ရိုးကျေးရွာ

သာသနိက အဆောက်အဦများ
========================
၂၆။ ထင်ရှားသော စေတီပုထိုးများ-
 - မြတ်ချမ်းသာဘုရားနှင့်ရတနာရံသီစေတီတော်
 - ပြည်တော်အေး စေတီ
 - ပြည်လုံးပေါ် ဘိုးစိန်ကြီးဘုရား
 - ကျိုက်ပရောဘုရား
 - ကျိုက်မော်ဝန်းဘုရား
 - အတုလမာရဇိန်ဘုရား
 - မိုးကောင်း/သံလျှက်စွန်းစေတီ
 - ဘုရားသုံးဆူစေတီ
 - မြတ်ဘုန်းပွင့်စေတီ

မွေးမြူရေးကဏ္ဍ
=============
၂၇။ ငါး၊ ပုဇွန် မွေးမြူရေးကန်(၁၄၃)ကန်၊ ဧကပေါင်း(၄၆၉.၁၆)ဧက၊ ထုတ်လုပ်မှု ပိဿာ(၂၁၆၂)ရှိ ပါသည်။

စီးပွားရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်
===========================
၂၈။ ကျုံပျော်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရ အချက် အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်း ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ ကလော၊ ငှက်ပျောနှင့် ပဲမျိုးစုံ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံး တင်ပို့ရောင်းချပါသည်။

***မှတ်ချက်။ ကျုံပျော်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များကို အများပြည်သူ ဖတ်ရှုလေ့လာ  နိုင်ရန်အတွက် လက်လှမ်းမှီသမျှ တင်ပြခြင်း ဖြစ်ပါသည်။ ဒေသဆိုင်ရာ အချက်  အလက်များ အပြောင်းအလဲရှိပါက ဖြည့်စွက်ပြင်ဆင် တင်ပြသွားပါမည်။

Post a Comment

0 Comments