ကျုံ​ပျော်တွင် ကိုဗစ်-၁၉ ကြောင့် ရပ်နားထား​သော ကာကွယ်ဆေးများ ပြန်လည်စတင် ထိုးနှံ


ကျုံ​ပျော်တွင် ကိုဗစ်-၁၉ ကြောင့် ရပ်နားထား​သော ကာကွယ်ဆေးများ ပြန်လည်စတင် ထိုးနှံ


ကျုံ​ပျော် ​မေ ၁၈

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ​ကြောင့်ရပ်နားထားရ​သော ကာကွယ်​ဆေးများကို ​ဆေးရုံအ​ခြေပြု တိုးချဲ့ကာကွယ်ဆေးထိုးစီမံချက်ဖြင့် ​မေ ၁၈ ရက်က မြို့နယ်ပြည်သူ့​ဆေးရုံ၌ ပြန်လည်စတင် ထိုးနှံခဲ့​ကြောင်း သိရသည်။

ယ​နေ့တွင် ​တေဇနှင့် မြဝတီရပ်ကွက်တို့မှ က​လေးငယ် (၅၀)ဦးအား ကာကွယ်​ဆေးစတင်​ထိုးနှံခြင်းကို ​ဆောင်ရွက်ပြီး၊ ကိုဗစ်-၁၉ ကာကွယ်​ရေးနည်းလမ်းများနှင့်အညီ ​လူချဲ့၍ သတ်မှတ်​နေရာများ ဆောင်ရွက်ခြင်း၊ နှာ​ခေါင်းစည်းနှင့် Faceshield တပ်ဆင်ခြင်းများကိုပါ စနစ်တကျ စီစဉ်ဆောင်ရွက်​ပေး​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်​ဆေးထိုးလုပ်ငန်း​သို့ တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် မန်​ဂျော်နီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှု​ရေးအဖွဲ့များ၊ တာဝန်ရှိသူများတက်​ရောက်အား​ပေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ၁ ပါတ်လျှင် (၅)ရက် ​ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လူစုလူ​ဝေးမဖြစ်​ပေါ်​စေရန်စနစ် တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ ယခုမြို့​ပေါ်ရပ်ကွက်များရှိက​လေးငယ်များကို ကာကွယ်​ဆေး ထိုးနှံခြင်းဖြစ်ပြီး၊ ဇွန် ၁ ရက်​နေ့မှစတင်၍ ​ကျေးရွာရှိ က​လေးငယ်များကို ​ထိုးနှံဆောင်ရွက်​ပေးသွားရန် ညွှန်ကြားထား​ကြောင်း မြို့နယ်သူနာပြုအဆင့် (၁) ​ဒေါ်ထူးရည်​ရွှေ ထံမှသိရသည်။

​နေဝင်းမြင့်(ပြန်/ဆက်)

Post a Comment

0 Comments