တိုင်း​ဒေသကြီး ဝန်ကြီး ဦးဌေးဝင်း ကျုံ​ပျော်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး စနစ်တကျ စိုက်ပျိုးစရိတ်​ချေး​ငွေ ထုတ်​ချေး​ပေးမှုအား ကြည့်ရှုအား​ပေး



တိုင်း​ဒေသကြီး ဝန်ကြီး ဦးဌေးဝင်း ကျုံ​ပျော်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး စနစ်တကျ စိုက်ပျိုးစရိတ်​ချေး​ငွေ ထုတ်​ချေး​ပေးမှုအား ကြည့်ရှုအား​ပေး



ကျုံ​ပျော် ​ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီး ဦးဌေးဝင်းသည် ​ယနေ့ နံနက်တွင် ကျုံ​ပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုး​ရေးဘဏ်၏ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေး နည်းလမ်းများနှင့်အညီ မိုးစပါးစိုက်ပျိုးစရိတ်​ ချေး​ငွေများ စတင်ထုတ်​ချ​ပေးမှုအား လာ​ရောက် ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။



​​​ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးက ​ရောဂါကာကွယ်​ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ထုတ်​ချေးနေမှုအား ကြည့်ရှုပြီး၊​ တောင်သူများအား နှုတ်ဆက်အား​ပေးစကား​ ပြောကြားပြီး တိုင်း​ဒေသကြီး မြန်မာ့လယ်ယာဖွံ့ ဖြိုး​ရေးဘဏ် မန်​နေဂျာ ဦးသိန်းထိုက်က ​ချေး​ငွေ​ဆောင်ရွက်​ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် မိုးစပါးချေး​ငွေများကို ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေး နည်းလမ်းများ နှင့်အညီ ထုတ်​ပေးနိုင်ရန်အတွက် မြို့နယ်ပြည်သူ့အားကစားကွင်းရှိ ကျယ်ဝန်းသည့် မိုးလုံ​လေလုံ​အားကစားရ၌ သွား​ရောက်ထုတ်​ပေးခြင်းဖြစ်ပြီး၊ ခန်းမတွင်းမဝင်မီ လက်​ဆေးခြင်း၊ မည်သူမဆို နှာ​ခေါင်းစည်းတပ်ဆင်ခြင်း၊ သတ်မှတ်အကွာအ​ဝေးတွင် စနစ်တကျတန်းစီ​နေထိုင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို စနစ်တကျဆောင်ရွက်​ပေးကြောင်း သိရသည်။



အဆိုပါ မိုးစပါးချေး​ငွေများကို ယ​နေ့တွင် အင်းမအုပ်စုရှိ ​တောင်သူ(၁၁၈)ဦးထံသို့ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ​ငွေ (၁၁၆၈.၅) သိန်းအား ထုတ်​ပေး​ဆောင်ရွက်ခဲ့​ပြီး အတိုးမှာ (၅ ရာခိုင်နှုန်း) ဖြစ်ကြောင်း၊ ယခင် ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ရာသီက ​မြို့နယ်အတွင်းရှိ ​ကျေးရွာ အုပ်စု​ပေါင်း (၉၇)အုပ်စုမှ ​တောင်သူ(၁၂၈၅၁)ဦး၏ စိုက်ပျိုးဧက(၈၆၁၅၈)ဧကထံသို့ ​ချေး​ငွေ​ပေါင်း (၁၂၉၂၃၇) သိန်းအား ထုတ်​ချေး​ပေးနိုင်ခဲ့​ကြောင်း သိရသည်။

​နေဝင်းမြင့်(ပြန်/ဆက်)



Post a Comment

0 Comments