ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် လေပြင်းတိုက်ခတ်​သောကြောင့် ​ကျောင်း​ဆောင်သစ်​ပေါ်သို့ ​သစ်ပင်လဲကျမှုဖြစ်ပွား

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် လေပြင်းတိုက်ခတ်​သောကြောင့် ​ကျောင်း​ဆောင်သစ်​ပေါ်သို့ ​သစ်ပင်လဲကျမှုဖြစ်ပွား

ကျုံ​ပျော် ​မေ ၁၄

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ ​ရေစခန်း​ကျေးရွာ အ.ထ.က တွင် ယမန်နေ့​ ည​နေက ​လေပြင်းတိုက်ခတ်​သော​ကြောင့် ​ကျောင်း​ဆောင်သစ်​ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည​နေ ၅ နာရီခွဲအချိန်က ​ရေစခန်း​ကျေးရွာတွင် ရုတ်တရက်​လေပြင်း တိုက်ခတ်ခဲ့​ပြီး၊ အ.ထ.က ​ကျောင်းဝန်းအတွင်းရှိ ​လူတစ်ဖက်ခန့်ရှိ ဂွေးသီးပင်မှာ ​ကျောင်း​ဆောင်သစ်​ပေါ်သို့ လဲကျခဲ့​ကြောင်း၊ သစ်ပင်လဲကျမှု​ကြောင့် ​သွပ်မိုးအချို့ပျက်စီးခြင်း၊ မျှားပိတ်ကွဲအက်ခြင်း၊ ထုတ်တန်းအချို့​ကွေး​ညွှတ်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိ​ကြောင်း ​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးဝင်းမြထံမှ သိရ သည်။

လဲကျ​သော သစ်ပင်အား၊ ​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ရပ်မိရပ်ဖများ တာဝန်ရှိသူများက ပူး​ပေါင်း ရှင်းလင်း ဖယ်ရှားခဲ့​ကြောင်း သိရသည်။



နေဝင်းမြင့်(ပြန်/ဆက်)

Post a Comment

0 Comments