ကျုံပျော်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ (၁၀)ဦးအား အလုပ်မဲ့ ထောင်ဒါဏ် (၁)လစီချမှတ်

ကျုံပျော်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ (၁၀)ဦးအား အလုပ်မဲ့ ထောင်ဒါဏ် (၁)လစီချမှတ်

ကျုံပျော်  ၂၉  ဧပြီ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရန်နှင့် အချိန်မီထိန်းချုပ်မှုရရှိနိုင်စေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ရာ ဖောက်ဖျက်ခဲ့သူ ၁၀ ဦးအား အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညမထွက်ရအမိန့်ကို ဧပြီ ၂၃ ရက် မှ စတင်ထုတ်ပြန်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ညစဉ် ပိတ်ဆို့စစ်ဆေးခြင်း၊ လှည့်ကင်း ဝပ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက် ည ၁၁ နာရီခွဲတွင် အောင်လံစုကျေးရွာ လမ်းမပေါ်တွင် ၈ ဦး၊ ဧပြီ ၂၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် သပြေကွင်းကျေးရွာလမ်းမပေါ်တွင် ၂ ဦး စုစုပေါင်း ၁၀ ဦးအား သက်ဆိုင်ရာ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဘဲ သွားလာနေသည့် ဒေသန္တရအမိန့် ဖောက်ဖျက် ကျူးလွန်မှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈) ပထမပိုင်းအရ အလုပ်မဲ့ထောင်ဒါဏ်(၁) လစီ ချမှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (၁၀)ဦးတွင် အမျိုးသား(၈)ဦး၊ အမျိုးသမီး(၂)ဦး ပါဝင်ပြီး၊ရေကြည်မြို့နယ်မှ(၅)ဦး၊ ကျုံပျော် မြို့နယ်မှ (၃)ဦးနှင့် ကျောင်းကုန်းမြို့နယ်မှ (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။



နေဝင်းမြင့် (ပြန်/ဆက်)

Myanmar Digital News

Post a Comment

0 Comments