ပရဟိတအဖွဲ့များပူးပေါင်းကာ ပြည်သူများသို့ Mask များအခမဲ့ဖြန့်ဝေ

ပရဟိတအဖွဲ့များပူးပေါင်းကာ ပြည်သူများသို့ Mask များအခမဲ့ဖြန့်ဝေ



ကျုံပျော် ဧပြီ ၁၉

လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 သည်နိုင်ငံအတွင်း ကူးစက်ခံရမှု မြင့်တက်လျှက်ရှိသဖြင့် ထိန်းသိမ်းနိုင်ရန်နှင့် ကူးစက်ခံရမှုမရှိစေရန်ရည်ရွယ်၍ ပရဟိတအဖွဲ့များပူးပေါင်းကာ ပြည်သူများထံသို့ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၌ ဧပြီ ၁၉ ရက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။



ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးရှေ့၊ အင်းရဲလမ်းဆုံနှင့် မြို့ဝင်ဂိတ်များတွင် အဖွဲ့သုံးဖွဲ့ခွဲက Mask မပါရှိသူများနှင့် လိုအပ်သူများအား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပြီး၊ Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



အဆိုပါ ပညာပေးဆောင်ရွက်မွုကို နောင်ရက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဧပြီ ၂၀ ရက်မှစ၍ Mask မပါရှိသူများထံမှ ငွေ (၅၀၀) ကျပ် ရန်ပုံငွေကောက်ခံကာ ပြန်လည်လျှော်ဖွတ်သုံးစွဲနိုင်သော ( Home Made ) ၃ လွှာ Mask များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ_Ko Nay Win

Post a Comment

0 Comments