ကျုံပျော်တွင် ပြင်ပသွားလာသူများ Mask တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ် ယခုတပ်အစီအစဉ် အရှိန်မြှင့် ဆောင်ရွက်


ကျုံပျော်တွင် ပြင်ပသွားလာသူများ Mask တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ် ယခုတပ်အစီအစဉ် အရှိန်မြှင့် ဆောင်ရွက်

ကျုံပျော်  ဇွန်   ၂၆

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အပြင်ထွက်သွားလာကြသည့်သူများတွင် Mask များ တပ်ဆင်လာခြင်း မရှိပါက ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ယနေ့နံနက်က ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Mask တပ်ဆင်ရေး လှုပ်ရှားမှုကို မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပါဝင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က Mask တပ်ဆင်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုကို မေ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ (၅)ရက်ကြာ လူစည်ကားရာ မြို့မဈေးရှေ့နှင့်ရပ်ကွက်များ လမ်းများသို့လည်း ပညာပေးအဖွဲ့များသွားလာပြီး လှုံ့ဆော် ကြေညာခြင်း၊ Mask မတပ်ဆင်သူများကို Mask များအခမဲ့ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပညာပေးကာလ ကျော်လွန်သည့် မေ ၂၁ ရက်မှ စတင်၍ Mask တတ်ဆင်ရေး လှုပ်ရှားမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး ယနေ့တွင်လည်း Mask မပါရှိသူများကို Mask ၃ ခုလျှင် ငွေ(၃၀၀၀) ကျပ်နှုန်း ယခုဝယ် ယခုတပ်စနစ် ဖြင့် ဆောင်ရွက်နေကြောင်း၊ အဆိုပါ Mask များမှာ ပြန်လည်လျှော်ဖွတ်သုံးစွဲနိုင်သည့် Mask များဖြစ်ကာ၊ ရေရှည်အသုံးပြုနိုင်ရန် အရည်အသွေး ကောင်းမွန်စွာဖြင့် ၃ လွှာချုပ် လုပ်ပေးထားကြောင်းလည်း သိရသည်။

ယခုကဲ့သို့ပညာပေးဆောင်ရွက်မှုများကြောင့် ပြင်ပလမ်းများပေါ်တွင်သွားလာကြသူ အများစုက Mask များတပ်ဆင်ကြသည်ကို တွေ့ကြရပြီး မတပ်ဆင်သူအနည်းငယ်လည်း ရှိကြောင်း၊ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးအတွက် လိုက် နာရမည့်အချက်များကို လူတစ်ဦးချင်းက တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်းသိရသည်။

နေဝင်းမြင့် (ပြန်/ဆက်)

Post a Comment

0 Comments