ကျုံပျော်မြို့နယ်တွင် အခြေခံစားကုန်(၅)မျိုးအား စတင်ဝေငှခြင်းဆောင်ရွက်

ကျုံပျော်မြို့နယ်တွင် အခြေခံစားကုန်(၅)မျိုးအား စတင်ဝေငှခြင်းဆောင်ရွက်




ကျုံပျော် ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားကုန်(၅)မျိုး စတင်ဝေငှခြင်းကို ဧပြီ ၁၁ ရက် နံနက်တွင် စတင်​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





ယနေ့တွင် မြဝတီရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၀၂) စု၊ တေဇရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၇၀)စု၊ စုစုပေါင်း အိမ်ထောင်စု (၃၇၂)စုတို့အား လွွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ ယနေ့စတင်ဝေငှ ဆောင်ရွက်ပေးခဲ့သည်။





ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်(၈) ခု၊ ကျေးရွာအုပ်စု (၈၉)အုပ်စုမှ အိမ်ထောင်စုပေါင်း( ၂၄၆၂၃)စု သို့ဆက်လက်ဝေငှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ko Nay Win

Post a Comment

0 Comments