ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၇၄၁)စုထံသို့ အခြေခံစားကုန်(၅)မျိုးအားဝေငှ

ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၇၄၁)စုထံသို့ အခြေခံစားကုန်(၅)မျိုးအားဝေငှ

ကျုံပျော် ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၇၄၁)စုအတွက် နိုင်ငံတော်မှထောက်ပ့ံသော အခြေခံစားကုန်(၅)မျိုး ဝေငှခြင်းကို ဧပြီ ၁၂ ရက် နံနက်က အောင်ဆန်း အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





ထိုသို့ ဝေငှရာသို့ လွွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမွူးနှင့် ရပ်ကွက် တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ မိသားစုတစ်စုခြင်းအလိုက်ဝေငှ ဆောင်ရွက်ပေးခဲ့သည်။





ကျုံပျော်မြို့နယ်တွင် ရပ်ကွက်(၈) ခု၊ ကျေးရွာအုပ်စု (၈၉)အုပ်စုမှ အိမ်ထောင်စုပေါင်း( ၂၄၆၂၃)စု သို့အခြေခံစားကုန်(၅)မျိုးအား ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ko Nay Win

Post a Comment

0 Comments