ကျုံပျော်မြို့နယ် COVID - 19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှလက်ကမ်းစာစောင်များစုပေါင်းဖြန့်ဝေ

ကျုံပျော်မြို့နယ် COVID - 19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှလက်ကမ်းစာစောင်များစုပေါင်းဖြန့်ဝေ



ကျုံပျော် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ကာကွယ်ရေးအတွက် ပြည်သူများထံသို့ လက်ကမ်းစာစောင်များစုပေါင်း ဖြန့်ဝေခြင်းကို ဧပြီ ၇ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။




ထိုသို့ဖြန့်ဝေရာတွင် ပြည်သူ့လွှတ်​တော် လွှတ်တော်ကိုယ်စားလှယ် ဦးစိုး​အောင်နိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​အောင်စိုးမိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်၍ ဗိုလ်ချုပ်လမ်းတွင် သွားလာသူနေများ၊ မြို့မဈေးရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးကြပြီး၊ အများမြင်သာသောနေရာတွင် အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။




ကျုံပျော်မြို့နယ် COVID - 19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ

Post a Comment

0 Comments