ကျုံပျော်မြို့ရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် ပန်ကြားမှုအား လိုက်လံဆောင်ရွက်

ကျုံပျော်မြို့ရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် ပန်ကြားမှုအား လိုက်လံဆောင်ရွက်
 



ကျုံပျော် ဧပြီ ၁

COVID-19 ကူးစက်ပြန့်ပွားမွုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သော ပြည်သူသို့ပန်ကြားချက်အား ကျုံပျော်မြို့နယ်အတွင်းတွင် လိုက်လံအသိပေးဆောင်ရွက်ခြင်းကို ဧပြီ ၁ ရက်က ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမွူးများ ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းကာ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။



အဆိုပါ ပန်ကြားချက်တွင် မြို့၊ရပ်ကွက်၊ ကျေးရွာ၊ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ရောင်းချလျှက်ရှိသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ လမ်းဘေးဆိုင်များ အားလုံးသည် ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရေး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပါရန် မေတ္တာရပ်ခံပန်ကြားခဲ့ခြင်းဖြစ်သည်။



လက်ရှိတွင် ဧပြီ ၁ ရက်မှစတင်၍ မြို့ပေါ်ရှိ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်အများအားလုံးက ပါဆယ်စနစ်သာရောင်းချလျှက်ရှိကြောင်း သိရသည်။

Post a Comment

0 Comments