တိုင်းအစိုး အလှူငွေပေးအပ်

ကျုံပျော်မြို့နယ်ရှိ COVID-19 ကာကွယ်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီး လာရောက်ဆွေးနွေး ကြည့်ရှု



ကျုံပျော် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊
လျှပ်စစ်၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးသည် ဧပြီ ၄ ရက်က ကျုံပျော်မြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီအဖွဲ့များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ COVID-19 ကာကွယ်ရေးအလွူငွေ ကျပ်သိန်း(၁၂၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံသို့ပေးအပ်သည်။










ထို့နောက် မြို့မဈေးအတွင်း ကာကွယ်ဆေးဖြန်းဆောင်ရွက်နေမှု မြို့နယ်ပြည်သူဆေးရုံတွင် သီးသန့်ခန်းများဆောင်ရွက်ထားရှိမှု မြို့နယ် တိုင်းရင်းဆေးရုံအတွင်း FQဆောင်ရွက်ထားရှိမှု မြန်ပြည်သားကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် FQ ပြင်ဆင်ထားရှိမွုနှင့် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေတို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုနေဝင်း(ကျုံပျော်)

Post a Comment

0 Comments